Monday, June 17, 2013

တိုက်တွန်းနှိုးဆော်လွှာ (၁)

စည်သူ | 11:16 PM | Best Blogger Tips



လက်ရှိ အနေအထားတွင် ၅၁.၃ရာခိုင်နှုန်းသော ကလေး ငယ်
များသာ မူလတန်းပညာကို ကောင်းစွာသင်ယူနေနိုင်ကြသည်။
မူလတန်းပညာတောင် မသင်နိုင်လို့ လမ်းဘေးရောက်သွားကြ
မည့်ကလေးသူငယ်များထဲတွင် ပညာဆက်ပြီး သင်ခွင့်ရလျှင်
နောင် အနာဂါတ်တွင် တိုင်းပြည်ကို အလင်းပေးနိုင်မည့်
ကြယ်ပွင့်လေးတွေ မလွဲမသွေ ပါပါလိမ့်မည်။သူတို့ကလေးတွေ
လမ်းဘေးရောက်သွားမှာမျိုးကို ကျွန်တော်တို့တတွေ မလိုလား
ကြတာတော့ အမှန်ပင်ဖြစ်သည်။

ဖြစ်နိုင်လျှင် သူတို့လေးတွေကို ခေါင်းလောင်းသံချိုမြသည့်
ကျောင်းတော်ကြီးထဲတွင် အဖြူ၊အစိမ်း ၀တ်စုံကလေးများဖြင့်
ပျော်ရွှင်ချမ်းမြေ့စွာ ပညာသင်ကြား နေကြသည်ကိုသာ မြင်လို
ပါသည်။

No comments:

Post a Comment