Monday, June 17, 2013
ခေတ်သစ်ရောင်ခြည်၏ ပထမဆုံးခြေလှမ်း
ခေတ်သစ်ရောင်ခြည်၏ ပထမဆုံးခြေလှမ်းဖြစ်သော ဆင်းရဲ နွမ်းပါးသည့် မူလတန်းကလေးများအား အခမဲ့ ကျောင်းထား ပေးမည့် အစီအစဉ်က စတင်အကောင်အထည်ဖော် ဆောင် ရွက် တော့မည်ဖြစ်ပါသဖြင့် အောက်ပါ အစီအစဉ်များအတိုင်း ပူးပေါင်းပါဝင် ဆောင်ရွက်နိုင်ကြပါစေရန် အသိပေး နှိုးဆော် အပ်ပါသည်။
၁။အဖွဲ့ဝင်အဖြစ် ပါဝင်ဆောင်ရွက်ခြင်း
ခေတ်သစ်ရောင်ခြည် ပရဟိတအဖွဲ့၏ အဖွဲ့ဝင်အဖြစ် ပါဝင် ဆောင်ရွက် လိုသူများသည်
nainglinkyawep@gmail.com သို့ ဆက်သွယ်နိုင်ပါသည်။
တိုက်တွန်းနှိုးဆော်လွှာ(၄)
ကျွန်တော်တို့တတွေမှာ မိတ်ဆွေသူငယ်ချင်း
ဆွေမျိုးအပေါင်းအဖော်များကိုယ်စီရှိကြသည်။
မွန်မြတ်လှသည့် ဤသို့သော
ပညာရေးပရဟိတအလုပ်တွင် ကျွန်တော်တို့တွေ ကိုယ်တိုင်ပါဝင်လှူဒါန်းကြမည်။
တခြားသူများကိုလည်း
ပါဝင်လှူဒါန်းကုသိုလ်ယူနိုင်ကြစေရန်
တဆင့်ပြန်လည်ပြောပြပေးကြမည်ဆိုပါက
ရာပေါင်းများစွာသော
ကလေးငယ်များအား စာသင်ခန်းအတွင်းသို့
ပို့ပေးနိုင်မည်ဖြစ်ပါသည်။
လစဉ်၂၀၀၀ကျပ် ဆိုသော ငွေကြေးပမာဏသည်လည်း
ကျွန်တော်တို့အတွက် အပန်းမကြီးပါ။
မိတ်ဆွေသူငယ်ချင်းများအား
ပူးပေါင်းပါဝင်လာရန် အသိပေးပြောပြဖို့ကလည်း
ခက်ခဲပင်ပန်းသော ကိစ္စရပ်တစ်ခုမဟုတ်ပါ။
'မတတ်နိုင် လို့ လုပ်မပေးနိုင်တာ' ဆိုသည့်စကားကို
ကျွန်တော်တို့ အရင်ကပြောခဲ့ကြပါသည်။
တကယ်လည်း မတတ်နိုင်လို့ မလုပ်ခဲ့ကြရတာဖြစ်သည်။
အခုလို နိုင်နိုင်နင်းနင်း ကူညီနိုင်မည့် ကူညီမှုမျိုးကို မလုပ်ကြလျှင်တော့.......................။
တိုက်တွန်းနှိုးဆော်လွှာ(၃)
အဖွဲ့ဝင်တစ်ဦးချင်းစီမှ လစဉ် ၂၀၀၀ကျပ် မပျက်မကွက် ထည့်
ဝင် လှူဒါန်းကြမည်ဖြစ်သည်။
ထိုလှူဒါန်းငွေဖြင့် သူတို့ကလေးတွေ၏ ဘ၀ကို ကူညီမြှင့်တင် ပေးနိုင်မည်ဖြစ်သည်။
ကလေးတစ်ယောက်အတွက် တစ်လစာ
ခန့်မှန်းကုန်ကျစရိတ်ကတစ်သောင်းကျပ် ခန့်သာ။
ထို့ကြောင့် အဖွဲ့ဝင် (၅) ယောက်
တိုးလာတိုင်း ကလေးတစ်ယောက် စာသင်ကျောင်းသို့ရောက်
မည် ဖြစ်သည်။
ကျွန်တော်တို့ အတွက် မများလှသောငွေ၂၀၀၀ကျပ်သည် သူတို့ကလေးတွေ အတွက်တော့ ဘ၀တစ်ခုဖြစ်နေပါ သည်။
လစဉ်၂၀၀၀ကျပ်မျှသော လှူဒါန်းငွေပမာဏဖြင့် သူတို့ကလေး
တွေ၏ ဘ၀ကို ကူညီ ကယ်တင်နိုင်မည့် အခွင့်အရေးသည်
ပင်လျှင် ကျွန်တော်တို့အတွက် ဂုဏ်ယူစရာကောင်းလွန်း လှပြီ
ဖြစ်သည်။
တိုက်တွန်းနှိုးဆော်လွှာ(၂)
ကျွန်တော်တို့တတွေမှာ စိတ်ကောင်းစေတနာကောင်းရှိသည်။ ကူညီပေးလိုစိတ်ရှိသည်။သို့သော် ကျွန်တော်တို့ကိုယ်တိုင်ပင်
ငွေကြေးအဆင်မပြေကြသောကြောင့် ဘာတစ်ခုမှ ဖြစ်မြောက်
အောင် မကူညီနိုင်ခဲ့ကြ။
ဒီအတိုင်းသာဆိုလျှင် ကျွန်တော်တို့တတွေ ပညာမသင်နိုင်လို့
လမ်းဘေးရောက်သွားကြမည့် ကလေးငယ်တွေကို ဥပက္ခာပြု
ထားကြတော့မည်လားဟု မေးစရာဖြစ်လာပါသည်။
ဆန္ဒရှိလျှင် နည်းလမ်းရှိမြဲဖြစ်ပါသည်။ ထိုဆန္ဒ၏စေ့ဆော်မှု
ကြောင့် သာလျှင် ခေတ်သစ်ရောင်ခြ
ခေတ်သစ်ရောင်ခြည် ပရဟိတ အဖွဲ့အစည်း
ခေတ်သစ်ရောင်ခြည်သည် ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော်အတွင်း မှီတင်းနေထိုင်ကြသော တိုင်းရင်းသား ညီအစ်ကို မောင်နှမ အားလုံးတို့၏ အခြေခံ ပညာရေး နှင့် ကျန်းမာရေး ကို ကူညီ စောင့်ရှောက် မြှင့်တင် ပေးနိုင်ရန်၊ စာပေ နှင့် ယဉ်ကျေး မှု အဆင့်အတန်း ပိုမို တိုးတက် မြင့်မားလာစေရန်နှင့် အသိပညာ ဗဟုသုတများ ပိုမိုဖွံ့ဖြိုး တိုးတက်လာစေရန် အတွက် ကူညီ ဆောင်ရွက်မှုများ ပြုလုပ်ရန်ရည်ရွယ်ဖွဲ့စည်း
တိုက်တွန်းနှိုးဆော်လွှာ (၁)
လက်ရှိ အနေအထားတွင် ၅၁.၃ရာခိုင်နှုန်းသော ကလေး ငယ်
များသာ မူလတန်းပညာကို ကောင်းစွာသင်ယူနေနိုင်ကြသည်။
မူလတန်းပညာတောင် မသင်နိုင်လို့ လမ်းဘေးရောက်သွားကြ
မည့်ကလေးသူငယ်များထဲတွင် ပညာဆက်ပြီး သင်ခွင့်ရလျှင်
နောင် အနာဂါတ်တွင် တိုင်းပြည်ကို အလင်းပေးနိုင်မည့်
ကြယ်ပွင့်လေးတွေ မလွဲမသွေ ပါပါလိမ့်မည်။သူတို့ကလေးတွေ
လမ်းဘေးရောက်သွားမှာမျိုးကို ကျွန်တော်တို့တတွေ မလိုလား
ကြတာတော့ အမှန်ပင်ဖြစ်သည်။
ဖြစ်နိုင်လျှင် သူတို့လေးတွေကို ခေါင်းလောင်းသံချိုမြသည့်
ကျောင်းတော်ကြီးထဲတွင် အဖြူ၊အစိမ်း ၀တ်စုံကလေးများဖြင့်
ပျော်ရွှင်ချမ်းမြေ့စွာ ပညာသင်ကြား နေကြသည်ကိုသာ မြင်လို
ပါသည်။
ခေတ်သစ်ရောင်ခြည် အဖွဲ့ဝင်များလိုက်နာရမည့်စည်းကမ်းများ
၁။အဖွဲ့ဝင်များသည် ပရဟိတလုပ်ငန်းများလုပ်ဆောင်ရာတွင် အဖွဲ့ဝင်ကဒ်ပြားချိတ်ဆွဲရမည်။ အဖွဲ့အင်္ကျီဝတ်ဆင်ရမည်။
၂။မသင့်လျော်သောနေရာများသို့ အဖွဲ့အင်္ကျီ ၀တ်ဆင်သွားလာခြင်းမပြုရ။
၃။အဖွဲ့ဝင်အချင်းချင်းကူညီရိုင်းပင်းရမည်။ခိုက်ရန်ဖြစ်ပွားခြင်းလုံးဝမရှိစေရ။
၎။ပရဟိတလုပ်ငန်းများလုပ်ဆောင်ချိန်တွင် အရက်နှင့်ဆေးလိပ် သောက်သုံးခြင်းမပြုရ။
၅။နယ်ခရီးစဉ်များလိုက်ပါရာတွင် ခရီးစဉ်တာဝန်ခံ၏ ဆိုဆုံးမမှုကိုအတိအကျလိုက်နာရမည်။
၆။အဖွဲ့မှကျင်းပသော အစည်းအဝေးများကို အတတ်နိုင်ဆုံးတက်ရောက်ရမည်။
၇။အဖွဲ့၏ဂုဏ်သိက္ခာကိုထိခိုက်စေမည့် အပြောအဆိုအနေအထိုင်အပြုအမူများကိုအထူးရှောင်ကျဉ်ရမည်။
ဂ။အဖွဲ့အတွင်းပါတီနိုင်ငံရေးနှင့်ပတ်သက်သောစည်းရုံးပြောဆိုမှုများ လုံးဝမပြုလုပ်ရ။
၉။အဖွဲ့ပိုင်ပစ္စည်းများကို စည်းကမ်းရှိရှိအသုံးပြုရမည်။
၁၀။အဖွဲ့၏ဂုဏ်သိက္ခာ၊မိမိ၏ ဂုဏ်သိက္ခာကိုအထူးတန်းဖိုးထားလေးစားရမည်။
၁၁။အဖွဲ့ဝင်အားလုံးသည် ပြည်ထောင်စုသမ္မတမြန်မှာနိုင်ငံတော်၏ ဥပဒေများကိုအထူးလေးစားလိုက်နာကြရမည်။
ခေတ်သစ်ရောင်ခြည်ပရဟိတအဖွဲ့ ရည်ရွယ်ချက်
စည်သူ | 11:02 PM |
ရည်ရွယ်ချက်
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အတွင်း မှီတင်းနေထိုင်ကြသောတိုင်းရင်းသားညီအကိုမောင်နှမအားလုံးတို့၏ ပညာရေး၊ကျန်းမာရေး၊လူမှုရေးအစရှိသောကဏ္ဍအသီးသီးမှ လိုအပ်ချက်များကို အမျိုးသားရေးအသိစိတ်ဓာတ် အပြည့်အ၀ဖြင့် ပါဝင်ကူညီဖြည့်ဆည်းဆောင်ရွက်ပေးရန်။
ဦးတည်ချက်
တိုင်းရင်းသားလူမျိုးအားလုံးတို့အကျိုးစီးပွားအတွက် လူမှုအကာအကွယ်အပြည့်အ၀ခြုံလွှမ်းပေးနိုင်မည့် ပရဟိတအဖွဲ့တစ်ဖွဲ့အဖြစ်ဂုဏ်သရေရှိစွာရပ်တည်ဆောင်ရွက်နိုင်စေရန်။
ဖွဲ့စည်းပုံနှင့်လုပ်ငန်းတာဝန်များ
ခေတ်သစ်ရောင်ခြည်ပရဟိတအဖွဲ့အား
အောက်ပါအတိုင်းဖွဲ့စည်းဆောင်ရွက်မည်ဖြစ်သည်။
နာယကများ။
နာယကများတွင် နယ်ပယ်အသီးသီးမှ သိက္ခာသမာဓိရှိသော သူများပါဝင်မည်ဖြစ်သည်။
ဥက္ကဌ
ဥက္ကဌသည် အဖွဲ့၏ဦးဆောင်သူဖြစ်သည်။လုပ်ငန်းကိစ္စအ၀၀တို့အတွက် တာဝန်အရှိဆုံးသူအဖြစ်သတ်မှတ်သည်။
ဥက္ကဌတွင် အဖွဲ့ရေးရာဆုံးဖြတ်ချက်များအားတစ်ဦးတည်း
ဆုံးဖြတ်ပိုင်ခွင့်မရှိ။အမာခံအဖွဲ့ဝင်များနှင့်အတူညှိနှိုင်းတိုင်ပင်
ဆွေးနွေးဆုံးဖြတ်ရမည်ဖြစ်သည်။
အတွင်းရေးမှူး
အတွင်းရေးမှူးသည် အဖွဲ့၏စီမံရေးရာတာဝန်များဖြစ်သောဦးစားပေးလုပ်ငန်းရွေးချယ်ခြင်း၊လုပ်ငန်းအစီအစဉ်များရေးဆွဲခြင်း၊အစည်းအဝေးကျင်းပခြင်း၊သင်တန်းပို့ချခြင်းစသော အဖွဲ့၏စီမံခန့်ခွဲမှုဆိုင်ရာတာဝန်များကို အမာခံအဖွဲ့ဝင်များနှင့်တိုင်ပင်ဆွေးနွေးဆောင်ရွက်ရမည်ဖြစ်သည်။
အမာခံအဖွဲ့ဝင်များ
အမာခံအဖွဲ့ဝင်များသည် အောက်ပါတာဝန်များကိုအလှည့်ကျထမ်းဆောင်ကြရမည်ဖြစ်သည်။
(က)ကွင်းဆင်းလေ့လာရေးတာဝန်ခံ
(ခ)ခရီးစဉ်တာဝန်ခံ
(ဂ)ရန်ပုံငွေထိန်းသိမ်းရေးတာဝန်ခံ
(ဃ)စာရင်းစစ်တာဝန်ခံ
(င)မှတ်တမ်းထိန်းသိမ်းရေးတာဝန်ခံ
(စ)သတင်းပြန်ကြားရေးတာဝန်ခံ
(ဆ)အလှူငွေကောက်ခံရေးတာဝန်ခံ
မှတ်ချက်။ ။အဖွဲ၏လုပ်ငန်းများအရှိန်အဟုန်ရလာသည်နှင့်အမျှ
တာဝန်အသစ်များထပ်မံတိုးချဲ့ထည့်သွင်းသွားမည်ဖြစ်ပါသည်။
Saturday, June 15, 2013
Thursday, June 13, 2013
Wednesday, June 12, 2013
Singapore မှ အလှူရှင်များနှင့်အဖွဲ့ဝင်လိုသူများအားအသိပေးအကြောင်းကြားခြင်း
ခေတ်သစ်ရောင်ခြည်ပရဟိအတဖွဲ့
https://www.facebook.com/ktycassociation
ခေတ်သစ်ရောင်ခြည်ပရဟိအတဖွဲ့ တွင် အဖွဲ့ဝင်လိုသူများနှင့်
အလှူငွေထည့်ဝင်လှူဒါန်းလိုသော စေတနာရှင်များအနေဖြင့်
ဒေါ်ဇင်မိုးခိုင်(ခေတ်သစ်ရောင်ခြည်ပရဟိတအဖွဲ့ Singapore တာဝန်ခံ)
Ph-90188705 သို့ ဆက်သွယ်နိုင်ပါကြောင်း
အသိပေးအပ်ပါသည်။
ခေတ်သစ်ရောင်ခြည်ပရဟိအတဖွဲ့
https://www.facebook.com/ktycassociation
ခေတ်သစ်ရောင်ခြည်ပရဟိအတဖွဲ့ တွင် အဖွဲ့ဝင်လိုသူများနှင့်
အလှူငွေထည့်ဝင်လှူဒါန်းလိုသော စေတနာရှင်များအနေဖြင့်
ဒေါ်ဇင်မိုးခိုင်(ခေတ်သစ်ရောင်ခြည်ပရဟိတအဖွဲ့ Singapore တာဝန်ခံ)
Ph-90188705 သို့ ဆက်သွယ်နိုင်ပါကြောင်း
အသိပေးအပ်ပါသည်။
Subscribe to:
Comments (Atom)




