Monday, June 17, 2013

တိုက်တွန်းနှိုးဆော်လွှာ(၄)

စည်သူ | 11:26 PM | Best Blogger Tips


ကျွန်တော်တို့တတွေမှာ မိတ်ဆွေသူငယ်ချင်း
ဆွေမျိုးအပေါင်းအဖော်များကိုယ်စီရှိကြသည်။
မွန်မြတ်လှသည့် ဤသို့သော
ပညာရေးပရဟိတအလုပ်တွင် ကျွန်တော်တို့တွေ ကိုယ်တိုင်ပါဝင်လှူဒါန်းကြမည်။

တခြားသူများကိုလည်း
ပါဝင်လှူဒါန်းကုသိုလ်ယူနိုင်ကြစေရန်
တဆင့်ပြန်လည်ပြောပြပေးကြမည်ဆိုပါက
ရာပေါင်းများစွာသော
ကလေးငယ်များအား စာသင်ခန်းအတွင်းသို့
ပို့ပေးနိုင်မည်ဖြစ်ပါသည်။

လစဉ်၂၀၀၀ကျပ် ဆိုသော ငွေကြေးပမာဏသည်လည်း
ကျွန်တော်တို့အတွက် အပန်းမကြီးပါ။


မိတ်ဆွေသူငယ်ချင်းများအား
ပူးပေါင်းပါဝင်လာရန် အသိပေးပြောပြဖို့ကလည်း
ခက်ခဲပင်ပန်းသော ကိစ္စရပ်တစ်ခုမဟုတ်ပါ။

'မတတ်နိုင် လို့ လုပ်မပေးနိုင်တာ' ဆိုသည့်စကားကို
ကျွန်တော်တို့ အရင်ကပြောခဲ့ကြပါသည်။
တကယ်လည်း မတတ်နိုင်လို့ မလုပ်ခဲ့ကြရတာဖြစ်သည်။
အခုလို နိုင်နိုင်နင်းနင်း ကူညီနိုင်မည့် ကူညီမှုမျိုးကို မလုပ်ကြလျှင်တော့.......................။

No comments:

Post a Comment